✖ ကြက်ခြေခတ်တွေများလွန်းတဲ့...လူ ✖
ကဲ...
နေလို လင်းလင်းပွင့်ပွင့်ဖွင့်ထားပါတယ်ဆိုမှ
စကားလုံးတွေနဲ့ ဝင် ဝင်တိုက်တဲ့သူနဲ့
အမူအယာတွေနဲ့ ဝင် ဝင်ရိုက်တဲ့သူနဲ့
အထိအခိုက်ကလဲ များလွန်းလှတယ်ကွယ်
အဲဒီ့မှာ
လွတ်ရာကျွတ်ရာလေး
ခပ်ဝေးဝေးနေမပေးနိုင်ဘူးလား
အတိမ်းအစောင်းမခံတဲ့ ဒီရင်ဘတ်က
တနင့်တပိုးတွေများလွန်းလာရင်
ကြက်ခြေခတ်တွေ အန်တတ်လွန်းလို့ပါ
ဖုံးကွယ်မထားတဲ့စာမျက်နှာပေါ်က
ခတ်ဆစ်တွေကို အနက်မပြန်ကြပါနဲ့...ပင်ပန်းတယ်
လူလိမ္မာတွေရဲ့ ဘာသာဗေဒမှာ
အရိုင်းအစိုင်းငါက ရိုးရိုးသားသားပဲကျရှုံးပေးပါတယ်
ထိမိ ခိုက်မိ ရိုက်မိမှာစိုးလို့
ကိုယ့်အကိုင်း ကိုယ်ချိုးပြီး ရိုကျိုးထားခဲ့တဲ့သူ
လမ်းချင်းတူလို့ လူချင်းမတွေ့ချင်တောင်
ခေါင်းငုံ့ပြီး ရှောင်ပေးခဲ့ပါ့မယ်
ဒါပေမယ့်...
ခွေနေချင်တဲ့ မြွေတစ်ကောင်ကို
ခေါင်းထောင်လာအောင်တော့ မစနဲ့
ရင်ဘတ်ချင်းခတ်တဲ့ပွဲဆိုတာ
အလျော်အစားက ကြီးလွန်းတယ်။
SANDY ( အဖြူရောင်မိန်းကလေး )
Very good idea
ReplyDeleteVery good idea
ReplyDelete