Powered By Blogger

Total Pageviews

Wednesday, March 25, 2015

ကင်း​စောင့်​ ( မင်းခိုက်​စိုးစံ )

ကင်းစောင့်

ငါဟာ ကင်းစောင့်တစ်ယောက်ပါပဲ၊
တစ်ညလုံး မအိပ်စက်ဖြစ်ဘဲ
အလွမ်းတွေနဲ့ပဲ မိုးစင်စင် လင်းခဲ့တယ် …

“ချစ်တယ်” ဆိုတာ … ငါ့ဘဝရဲ့
ဘယ်ဝါကျမှာမှ မသုံးဘူးသေးတဲ့ 
ကြိယာတစ်လုံးပါ။

နှုတ်ခမ်းထူထူတွေနဲ့ လှောင်ပြုံး
မာယာများတဲ့ ငါ့ငါးခုံးမလေးရေ
မင်း​ကြောင့်
ငါ့အိပ်​မက်​​တွေ တစ်​​လှေလုံး ပုပ်​ခဲ့​ပေါ့...။

မင်းခိုက်​စိုးစန်

No comments:

Post a Comment