Powered By Blogger

Total Pageviews

Sunday, March 29, 2015

မှော်​ဆရာမ​လေး ( မင်းခိုက်​စိုးစန်​ )

♥​မှော်​ဆရာမ​လေး♥

(၁)
ငါ့ကို
အလွမ်းဘဏ္ဍာစိုး ခန့်​ပါကွယ်​။

(၂)
အချစ်​ဆိုတာ မျက်​လှည့်​တစ်​မျိုးပါပဲ။
မင်းက...မျက်​လှည့်​​သေတ္တာထဲက​နေ
ငါ့ အိပ်​မက်​​တွေကို ဆွဲဆွဲထုတ်​ပြတယ်​...။
...ပန်းသီးအပုပ်​တစ်​လုံး ဖြစ်​သွားလိုက်
...ဖဲချပ်​​တွေ ထွက်​လာလိုက်
...ပန်းပွင့်​​တွေ ထွက်​လာလိုက်​နဲ့
ဟော...​နောက်​ဆုံး
ငှက်​အဖြူ​လေးတစ်​​ကောင်​ ဖြစ်​သွားပြီး
ဟိုး...အ​ဝေးကြီးကို ပျံသန်း​ပျောက်​ကွယ်​သွားတယ်​။

(၃)
ဘာမှမကျန်​ခဲ့​တော့ဘူး။

(၄)
အစကတည်းကလည်း
ဘာမှ ရှိ​နေခဲ့တာ မဟုတ်​ပါဘူး။

(၅)
မလိမ်​မိုး မလိမ်​မာနဲ့...ငါကသာ
မင်းကို အခါခါယုံခဲ့တယ်​။
စုန်းသွင်းခံထားရသူတစ်​​ယောက်​လိုကို
ယုံခဲ့တယ်​။
..........
ငါ့ အိမ်​မက်​​တောင်​ယာကို ခုတ်​လှဲ
အလွမ်း​တွေကိုမှ ပျိုးကြဲသွားခဲ့တဲ့
လူကြီးလူ​ကောင်း ငနဲမ​လေး​ရေ...
ဟောဒီမှာ...ငါဆိုတဲ့​ကောင်​က
မီးကျွမ်းခံထားရတဲ့ စာရွက်​တစ်​ရွက်​လို
လေတစ်​ချက်​ တိုက်​ခတ်​လိုက်​ရုံနဲ့
စိပ်​စိပ်​မွှာမွှာ ပဲ့​ကြွေလွင့်​စင်​သွားရ​တော့မယ်​။

(၆)
မင်းရဲ့ မျက်​လှည့်​​သေတ္တာထဲက
နောက်​ထပ်​...ဘာ​တွေများ ဆွဲထုတ်​ပြဦးမှာလဲ?

(၇)
ကောင်​မ​လေးရယ်​...
ပြောပါ...
ငါ ရပ်​​နေရမှာလား
ဆက်​​လျှောက်​ရမှာလား ဆိုတာကို။

( မင်းခိုက်​စိုးစန်​ )

No comments:

Post a Comment