# ရာသီဥတုဆိုး - ၂ #
စိတ်တွေကို နေဝင်မီးငြိမ်း
မင်းရဲ့ ရယ်သံတွေကို
နေ့ဖို့ ညစာ သိမ်းဆည်းလို့
.....ငါပြန်ခဲ့တယ်။
ဘဝမှာ
မျက်နှာချင်းဆိုင်ရလွန်းတော့လည်း
လူချင်းမှားပြီး
နှုတ်ဆက်မိတာတွေများလွန်းတယ်။
.....ကောင်မလေးရေ '' မင်္ဂလာပါ ''
မင်းကိုငါ
လူမှားခဲ့ပါသလား။
တစ်ချို့လူတွေက...
ပန်းပွင့်တွေကို ခူးခူးပြီး
နောက်ဘဝအတွက် ဆုတောင်းတယ်။
ငါကတော့...
ပစ္စုပ္ပန်မှာ
သူတို့ခူးဖို့ ပန်းတွေကို စိုက်တယ်။
ငါ့ရဲ့ ချစ်လှစွာသော အမိုက်အမဲမလေးရေ...
မင်းကတော့ နားလည်လိမ့်မယ် မဟုတ်ပေဘူး။
ငါဟာ ဧည့်သည်ပါ
အိမ်ရှင်ရဲ့ ကျေးဇူးကို အောက်မေ့တတ်တဲ့ ဧည့်သည်ပါ။
.....
အမြုပ်တွေ ထ...ထပြရတာကို
မသာယာခဲ့ပါဘူး။
ဘဝဆိုတာ ဘီယာတစ်ခွက်မှ မဟုတ်ဘဲကွယ်။
ငါစိုက်ခဲ့တဲ့ ပန်းပွင့်က
ရနံ့တစ်ခု လွင့်လာတယ်.....
အဲ့ဒီ ရနံ့ရဲ့နာမည်က '' အလွမ်း ''တဲ့။
ဘယ်လို နွေ၈၇ာသီဆိုးက မန်းမှူတ်လို့
ငါ့ဥယျာဉ်ဟာ အပုတ်သိုး မြန်ခဲ့ရသလဲ?
ကောင်မလေးရေ.....
မင်းကို ငါက
မိုးခေါ်သံလို သဘောထားခဲ့တာပါ.....။
မင်းခိုက်စိုးစန်
No comments:
Post a Comment