Powered By Blogger

Total Pageviews

Friday, April 10, 2015

သူမအတွက်​​ရေး​တဲ့ သူရဲ့စာအုပ်

# သူမအတွက်​​ရေးတဲ့ သူ့ရဲ့စာအုပ်​ #

စကားလုံး​တွေအကုန်​ ရင်​နဲ့ခြုံပြီးပိတ်​ထားခဲ့တဲ့ စာအုပ်​ကိုမှ ဘာသာပြန်​မိခဲ့တယ်
သက်​ဆိုင်​သူသို့....ဆိုတဲ့ အဖုံးနဲ့တင်
ဆက်​မဖတ်​သင့်​တဲ့ စာအုပ်
မသက်​ဆိုင်​တဲ့...ငါ့မှာ
တစ်​ရွက်​ခြင်းလှန်
တစ်​​ကြောင်းချင်းဖတ်
လေး​လေးနက်​နက်​​တွေး
စူးစူးနစ်​နစ်​ခံစား
ဘာသာစကားချင်း အတူတူ
နားလည်​မှူက ​ဝေး​ဝေးလာတာမျိုး
ရင်​နဲ့​ရေးလို့ ရင်​နဲ့ဖတ်​ရှုခံစားခဲ့ပါတယ်
ဘာသာစကားချင်းအတူတူ ရင်​ခုန်​သံလားရာမတူခဲ့
ဖတ်​မိလက်​စ စာအုပ်​မှာ
ဇာတ်​သိမ်းလှလှ မ​ရောက်​မချင်း
ပိတ်​ရမှာလဲ ခက်
ဖတ်​ရမှာလဲ ခက်​....။

SANDY (အဖြူ​ရောင်​မိန်းက​လေး)

Wednesday, April 1, 2015

ချစ်​သူသို့

♥ ချစ်​သူသို့ ♥

ထိလွယ်​ရှလွယ်​ ကိုယ့်​စိတ်​ကို မနည်းပိုးထားရတဲ့အထဲ
ဒီရင်​ရပ်​ဝန်းကလည်း
ငိုရန်​ရာနှုန်းပြည့်​ဆိုတဲ့ ရာသီဥတုနဲ့
အလွမ်း​တွေညို့​မှောင်​​နေ​လေရဲ့
နှလုံးသား​လေးနာဖျားတဲ့​နေ့မှာ
အသံမမြည်​​တော့တဲ့ ​ခေါင်း​လောင်း​လေးတစ်​လုံး​ပေါ်
နှစ်​ချို့​နေတဲ့ စကားလုံး​တွေ​ရေးထိုးထားလိုက်​တယ်
တောင်​စွယ်​မှာ​နေကွယ်​ရင်​ ငါနဲ့တစ်​ပါတည်းမြုပ်​နှံ​ပေးကြပါကွယ်
အလွမ်းရဲ့အ​ငွေ့အသက်​တို့ မရိုက်​ခတ်​ရာအရပ်​၌
ချစ်​ရတဲ့သူ...​ပျော်​ပါ​စေ....

SANDY(အဖြူ​ ​ရောင်​မိန်းက​လေး )