Powered By Blogger

Total Pageviews

Sunday, March 29, 2015

သူငယ်​ချင်း

တစ်​​ယောက်​ကိုတစ်​​ယောက်...
အပြန်​အလှန်​တန်​ဖိုးထားမှူ၊ နားလည်​မှူ​တွေရှိမယ်​ဆိုရင်
ခင်​မင်​မှူဆိုတာ...
သဲပြင်​​ပေါ်​ရေးထား​တောင်​ မပျက်​တဲ့အက္ခရာ။

SANDY WATYOTESOE

မှော်​ဆရာမ​လေး ( မင်းခိုက်​စိုးစန်​ )

♥​မှော်​ဆရာမ​လေး♥

(၁)
ငါ့ကို
အလွမ်းဘဏ္ဍာစိုး ခန့်​ပါကွယ်​။

(၂)
အချစ်​ဆိုတာ မျက်​လှည့်​တစ်​မျိုးပါပဲ။
မင်းက...မျက်​လှည့်​​သေတ္တာထဲက​နေ
ငါ့ အိပ်​မက်​​တွေကို ဆွဲဆွဲထုတ်​ပြတယ်​...။
...ပန်းသီးအပုပ်​တစ်​လုံး ဖြစ်​သွားလိုက်
...ဖဲချပ်​​တွေ ထွက်​လာလိုက်
...ပန်းပွင့်​​တွေ ထွက်​လာလိုက်​နဲ့
ဟော...​နောက်​ဆုံး
ငှက်​အဖြူ​လေးတစ်​​ကောင်​ ဖြစ်​သွားပြီး
ဟိုး...အ​ဝေးကြီးကို ပျံသန်း​ပျောက်​ကွယ်​သွားတယ်​။

(၃)
ဘာမှမကျန်​ခဲ့​တော့ဘူး။

(၄)
အစကတည်းကလည်း
ဘာမှ ရှိ​နေခဲ့တာ မဟုတ်​ပါဘူး။

(၅)
မလိမ်​မိုး မလိမ်​မာနဲ့...ငါကသာ
မင်းကို အခါခါယုံခဲ့တယ်​။
စုန်းသွင်းခံထားရသူတစ်​​ယောက်​လိုကို
ယုံခဲ့တယ်​။
..........
ငါ့ အိမ်​မက်​​တောင်​ယာကို ခုတ်​လှဲ
အလွမ်း​တွေကိုမှ ပျိုးကြဲသွားခဲ့တဲ့
လူကြီးလူ​ကောင်း ငနဲမ​လေး​ရေ...
ဟောဒီမှာ...ငါဆိုတဲ့​ကောင်​က
မီးကျွမ်းခံထားရတဲ့ စာရွက်​တစ်​ရွက်​လို
လေတစ်​ချက်​ တိုက်​ခတ်​လိုက်​ရုံနဲ့
စိပ်​စိပ်​မွှာမွှာ ပဲ့​ကြွေလွင့်​စင်​သွားရ​တော့မယ်​။

(၆)
မင်းရဲ့ မျက်​လှည့်​​သေတ္တာထဲက
နောက်​ထပ်​...ဘာ​တွေများ ဆွဲထုတ်​ပြဦးမှာလဲ?

(၇)
ကောင်​မ​လေးရယ်​...
ပြောပါ...
ငါ ရပ်​​နေရမှာလား
ဆက်​​လျှောက်​ရမှာလား ဆိုတာကို။

( မင်းခိုက်​စိုးစန်​ )

Saturday, March 28, 2015

✖ ကြက်​​ခြေခတ်​​တွေများလွန်းတဲ့...လူ ✖


✖ ကြက်​​ခြေခတ်​​တွေများလွန်းတဲ့...လူ ✖

ကဲ...
နေလို လင်းလင်းပွင့်​ပွင့်​ဖွင့်​ထားပါတယ်​ဆိုမှ
စကားလုံး​တွေနဲ့ ဝင်​ ဝင်​တိုက်​တဲ့သူနဲ့
အမူအယာ​တွေနဲ့ ဝင်​ ဝင်​ရိုက်​တဲ့သူနဲ့
အထိအခိုက်​ကလဲ များလွန်းလှတယ်​ကွယ်
အဲဒီ့မှာ
လွတ်​ရာကျွတ်​ရာ​လေး
ခပ်​​ဝေး​ဝေး​နေမ​ပေးနိုင်​ဘူးလား
အတိမ်းအ​စောင်းမခံတဲ့ ဒီရင်​ဘတ်​က
တနင့်​တပိုး​တွေများလွန်းလာရင်
ကြက်​​ခြေခတ်​​တွေ အန်​တတ်​လွန်းလို့ပါ
ဖုံးကွယ်​မထားတဲ့စာမျက်​နှာ​ပေါ်က
ခတ်​ဆစ်​​တွေကို အနက်​မပြန်​ကြပါနဲ့...ပင်​ပန်းတယ်
လူလိမ္မာ​တွေရဲ့ ဘာသာ​ဗေဒမှာ
အရိုင်းအစိုင်းငါက ရိုးရိုးသားသားပဲကျရှုံး​ပေးပါတယ်
ထိမိ ခိုက်​မိ ရိုက်​မိမှာစိုးလို့
ကိုယ့်​အကိုင်း ကိုယ်​ချိုးပြီး ရိုကျိုးထားခဲ့တဲ့သူ
လမ်းချင်းတူလို့ လူချင်းမ​တွေ့ချင်​​တောင်
ခေါင်းငုံ့ပြီး​ ​ရှောင်​​ပေးခဲ့ပါ့မယ်
ဒါ​ပေမယ့်​...
ခွေ​နေချင်​တဲ့ ​မြွေတစ်​​ကောင်​ကို
ခေါင်း​ထောင်​လာ​အောင်​​တော့ မစနဲ့
ရင်​ဘတ်​ချင်းခတ်​တဲ့ပွဲဆိုတာ
အ​လျော်​အစားက ကြီးလွန်းတယ်​။

SANDY ( အဖြူ​ရောင်​မိန်းက​လေး )

Friday, March 27, 2015

Friendship Quotes

A single rose can be my garden,........., a single friend, my world.

By.....

Leo Buscaglia

အထီးကျန်​ ( ​မောင်​ဖီလာ )

# အထီးကျန်​ #

မင်းအ​တွေးအ​ခေါ်က
အ​ရောင်​မထွက်​ဘူးတဲ့
ဒီလို ထိမိ စမ်းမိဖို့
ကျွန်​​တော်​ ချီတက်​လာတာမှ မဟုတ်​တာ
လျှပ်​စီး​ရောင်​တလက်​လက်
ပန်းခင်းထဲက ရနံ့​တွေ ​ရောင်​ကိုင်းလာတဲ့အထိ
လောကဓံ ငါ့အ​ပေါ်ကို ထစ်​ချုန်းပုံ ​စောင်းနင်းတယ်
အရွယ်​အစားအမျိုးမျိုး
အ​ရောင်​အ​သွေးအမျိုးမျိုးနဲ့
ပင်​လယ်​ခရု​တွေ အာရုံကိုစူး​စေတာကလွဲပြီး
ဘာမှအဆန်တကြယ်​ ခူးခပ်​မ​ပေးဘူး
တ​မျှော်​တ​ခေါ် ​ငေးကြည့်​မိသမျှ
ရှူခင်း​တွေကလည်း အရွယ်​မတင်​ဘူး
ခင်​ဗျားတို့​ပြောသ​လောက်​ မ​ကွေ့​ကောက်​ဘဲ
ကျွန်​​တော်​ထင်​သ​လောက်
ဖြောင့်​တန်းလှပတဲ့ မြစ်​ဆီ ပြန်​လာခဲ့တယ်
သဘာဝတရားဟာ စိမ်းစိမ်းစိုစို
နေလုံးနီနီက ကန်​သင်းရိုးအစပ်​မှာ ဖူးလို့ပွင်​လို့
ကျွန်​​တော်​လွတ်​တင်​လိုက်​တဲ့ သီချင်းက​လေး
ပျံလွှားငှက်​က​လေးနဲ့တိုက်​ပြီး ပြန်​ကျလာခဲ့
ကြီး​ကောင်​ဝင်​စဆည်းဆာကို ​မော့ကြည့်​ရင်း
ကျွန်​​တော်​တစ်​​ယောက်​တည်းလဲ ​ပျော်​ပါတယ်​။

မောင်​ဖီလာ

နေဝင်ချိန်

စက်စဲကမ်းခြေရဲ့ နေဝင်ဆည်းဆာချိန်ခါ

Thursday, March 26, 2015

ကျိုက်​ထီးရိုး​တောင်​​ပေါ်မှ အာရုံဦးမြင်​ကွင်း

ကျိုက်​ထီးရိုး​တောင်​​ပေါ်မှ နံနက်​အာရုံဦး မြူဆိုင်း​နေ​သောမြင်​ကွင်းကို မှတ်​တမ်းတင်​ခဲ့တာပါ။

အာရုံဦးမှာ စိတ်​ကြည်​နူးဖို့

ဓာတ်​​တော်​ချိုင့်​မှ ကြည်​ညိုဖွယ်​ရာ မြတ်​စွာဘုရားရုပ်​ပွား​တော်​နှင့်​ ဓာတ်​​တော်​များ

ရာသီဥတုဆိုး- ၂ ( မင်းခိုက်​စိုးစန်​ )

# ရာသီဥတုဆိုး - ၂ #

စိတ်​​တွေကို ​နေဝင်​မီးငြိမ်း
မင်းရဲ့ ရယ်​သံ​တွေကို
နေ့ဖို့ ညစာ သိမ်းဆည်းလို့
.....ငါပြန်​ခဲ့တယ်​။

ဘဝမှာ
မျက်​နှာချင်းဆိုင်​ရလွန်း​တော့လည်း
လူချင်းမှားပြီး
နှုတ်​ဆက်​မိတာ​တွေများလွန်းတယ်​။
.....​ကောင်​မ​လေး​ရေ '' မင်္ဂလာပါ ''
မင်းကိုငါ
လူမှားခဲ့ပါသလား။

တစ်​ချို့လူ​တွေက...
ပန်းပွင့်​​တွေကို ခူးခူးပြီး
နောက်​ဘဝအတွက်​ ဆု​တောင်းတယ်​။
ငါက​တော့...
ပစ္စုပ္ပန်​မှာ
သူတို့ခူးဖို့ ပန်း​တွေကို စိုက်​တယ်​။
ငါ့ရဲ့ ချစ်​လှစွာ​သော အမိုက်​အမဲမ​လေး​ရေ...
မင်းက​တော့ နားလည်​လိမ့်​မယ်​ မဟုတ်​​ပေဘူး။

ငါဟာ ဧည့်​သည်​ပါ
အိမ်​ရှင်​ရဲ့ ​ကျေးဇူးကို ​အောက်​​မေ့တတ်​တဲ့ ဧည့်​သည်​ပါ။
.....
အမြုပ်​​တွေ ထ...ထပြရတာကို
မသာယာခဲ့ပါဘူး။
ဘဝဆိုတာ ဘီယာတစ်​ခွက်​မှ မဟုတ်​ဘဲကွယ်​။

ငါစိုက်​ခဲ့တဲ့ ပန်းပွင့်​က
ရနံ့တစ်​ခု လွင့်​လာတယ်​.....
အဲ့ဒီ ရနံ့ရဲ့နာမည်​က '' အလွမ်း ''တဲ့။
ဘယ်​လို ​နွေ၈၇ာသီဆိုးက မန်းမှူတ်​လို့
ငါ့ဥယျာဉ်​ဟာ အပုတ်​သိုး မြန်​ခဲ့ရသလဲ?

ကောင်​မ​လေး​ရေ.....
မင်းကို ငါက
မိုး​ခေါ်သံလို သ​ဘောထားခဲ့တာပါ.....။

မင်းခိုက်​စိုးစန်

Wednesday, March 25, 2015

ကျွန်​မ၏ ချစ်​သူနှင့်​ သူ၏ ထိုမိန်းက​လေး

***ကျွန်မ၏ချစ်သူနှင့် သူ၏ထိုမိန်းကလေး***

ကျွန်မဘဝတွင်အမှားမှန်းသိလျက်နှင့်မက်မက်မောမောကျူးလွန်မိခဲ့သည့်အပြစ်တစ်ခုရှိသည်ဆိုလျင် သူ့ကိုချစ်မိတာပဲဖြစ်မည်။ ရိုးစင်းသောတွေ့ဆုံမှုတစ်ခုနှင့်တိုတောင်းလှသောအချိန်ကာလတစ်ခုအတွင်း ကျွန်မရင်ထဲ လူတစ်ယောက်အခိုင်အမာနေရာယူသွားခဲ့ပုံမှာအနည်းငယ်တော့အံ့ဩစရာ။ ဒါပေမဲ့ ထိုငြိတွယ်မှုသည်ကျွန်မအတွက်နောင်တရစရာမဖြစ်ခဲ့ပါ။ အရာရာကိုစံနှုန်းတစ်ခုနှင့်တိုင်းတာတတ်သောကျွန်မအတွက် သူသည်လိုလိုလားလားချွင်းချက်တစ်ခုပင်ဖြစ်ပါသည်။ကျွန်မစိတ်ကူးယဉ်ဖူးသော မျက်ဝန်းညိုညိုများသူ့ဆီမှာမရှိသည်မှာလဲ ချွင်းချက်တစ်ခု၊ ကျွန်မကိုအုပ်မိုးထားနိုင်သော အရပ်အမောင်းမျိုးမပိုင်ဆိုင်သည်မှာလဲ ချွင်းချက်တစ်ခု၊ သူ၏အညိုဘက်သို့အတော်လေးရောက်ချင်သော အသားအရောင်သည်လည်း ချွင်းချက်တစ်ခု၊ သာမာန်ဘွဲ့လေးတစ်ခုနှင့်ရုံးဝန်ထမ်းဘဝမှာအသားကျနေသောသူ့စိတ်သည်လည်း ချွင်းချက်တစ်ခု၊ အိပ်မက်ကြီးကြီးမမက်တတ်သည်မှာလည်း ချွင်းချက်တစ်ခု၊ လူလတ်တန်းစားဟူသောအနေအထားကို မနဲဖက်တွယ်ထားရသည့်သူ့မိသားစုကျောထောက်နောက်ခံသည်လည်း ချွင်းချက်တစ်ခု၊ အကြီးဆုံးသားတစ်ယောက်အနေနှင့်မိသားစုကိုငဲ့ညှာစဉ်းစားပေးနေရသည့်သူ့အနေအထားသည်လည်း ချွင်းချက်တစ်ခု၊ ဆင်ခြေဖုံးရပ်ကွက်အစွန်အဖျားရှိ မကျဉ်းမကျယ်မြေကွက်လေးထဲမှ ရေနံချေးရောင်ပြယ်လွင့်နေသည့်အမွေဆိုင်အိမ်အိုကြီးအတွင်းတွင်ဆွေမျိုးစုသုံးလေးခုလောက်စုရုံးနေနေရသည့်သူ့အခြေအနေကလည်း ချွင်းချက်တစ်ခု။ ထို များပြားလှသောချွင်းချက်များကို အချစ်ဟူသောအရာတစ်ခုနှင့် ကျွန်မလျစ်လျူရှုနိုင်ခဲ့တော့ ကျွန်မ၏အသိုင်းအဝိုင်းကမိုက်မဲမှုဟုအမည်တပ်ခဲ့ကြသည်။ ကျွန်မ၏လက်ကိုသူဆုပ်ကိုင်ထားချိန်တွင်ထိုမိုက်မဲမှုများသည် မည်မျှချိုမြိန်လှကြောင်းကျွန်မဖြေရှင်းချက်မထုတ်ချင်တော့ပါ။ နှစ်ယောက်သားတွေ့ဆုံခွင့်ရဖို့ကျွန်မဘက်ကဖန်တီးရတာ၊ ချစ်တယ်ဆိုသောစကားကိုကျွန်မဘက်ကပိုသုံးမိတာ၊ ညတိုင် ဖုံးစဆက်ရသူကကျွန်မပဲဖြစ်နေခဲ့တာ၊ သူ့မွေးနေ့ ကိုယ့်မွေးနေ့ သူနှင့်ကျွန်မ၏အမှတ်တရနေ့မှန်သမျှကိုကျွန်မတစ်ယောက်ထဲမှတ်မိနေတတ်တာ၊ စိတ်အခန့်မသင့်လို့စကားများကြတိုင်းမှားမှားမှန်မှန်ကျွန်မဘက်ကပဲအလျော့ပေးရတာ၊ ချိန်းထားသည့်နေရာတွင်အချိန်လွန်သည်အထိစောင့်နေခဲ့ပြီးမှ မိသားစုကိစ္စနဲ့ရှုပ်နေလို့မလာနိုင်တော့ဘူးဟုဖုံးဆက်လာတိုင်း မျက်ရည်တွေနှင့်တိတ်ဆိတ်စွာပြန်လာခဲ့ရတာ၊ လက်ထပ်ဖို့မတောင်းဆိုနဲ့ဦးနော်ဟုသူ့ဘက်ကဆိုလာတိုင်း နာကျင်စွာခေါင်းညိတ်ခဲ့ရတာ။ ဒါတွေကို ' မင်းတစ်ယောက်ထဲငါချစ်ခဲ့ဖူးတာ ' ဟုဆိုသောသူ့ရဲ့သစ္စာစကားအောက်မှာ ကျေကျေနပ်နပ်ပဲ ကျွန်မမေ့ဖျောက်ပစ်ခဲ့ပါသည်။ သူ့ပခုံးပေါ်ခေါင်းမှီပြီး လောကကြီးကိုကျွန်မယုံကြည်စိတ်ချခဲ့ဖူးသည်။ ကျွန်မချစ်သောသူ့ကို သူချစ်သောမိန်းကလေးနှင့်ယှဉ် တွဲမတွေ့ရသေးခင်အထိသူ့စကားလုံးတိုင်းသည်ကျွန်မ၏ရှင်သန်မှုများဖြစ်ခဲ့ပါသည်။ ကျွန်မထက် ငယ်ရွယ်နုပျိုမှုမှလွဲ၍အစစအရာရာ နိမ့်ပါးလွန်းသောထိုမိန်းကလေး၏လက်ကိုဆုပ်ကိုင်ပြီး ပေါ့ပါးပျော်ရွှင်နေသောသူ့ပုံရိပ်မျိုးကိုကျွန်မတို့၏ချစ်သက်တမ်းအတွင်းတစ်ခါမှမြင်တွေ့ခွင့်မရခဲ့သည်မှာတော့ကြေကွဲစရာကောင်းလှသည်။ ဖြေရှင်းချက်တစ်စုံတရာမရှိသောကျွန်မတို့၏ဇာတ်လမ်းသည်တိုးတိတ်စွာပင်ပြီးဆုံးသွားခဲ့ပါသည်။ ကျွန်မသူ့ကိုချစ်ပါသည်။ ထိုမိန်းကလေးသည်သူ၏ရွေးခြယ်မှုဖြစ်ခဲ့သည်။ ရူးမိုက်စွာပင်ကျွန်မသူ့ကိုချစ်နေဆဲဖြစ်ပါသည်။ ကျွန်မဘဝတွင်အမှားမှန်းသိလျက်နှင့်မက်မက်မောမောကျူးလွန်မိခဲ့သည့်အပြစ်တစ်ခုရှိမည်ဆိုလျင် သူ့ကိုချစ်မိတာပဲဖြစ်မည်။

စန္ဒီ ( အဖြူ​ရောင်​မိန်းက​လေး )

ကင်း​စောင့်​ ( မင်းခိုက်​စိုးစံ )

ကင်းစောင့်

ငါဟာ ကင်းစောင့်တစ်ယောက်ပါပဲ၊
တစ်ညလုံး မအိပ်စက်ဖြစ်ဘဲ
အလွမ်းတွေနဲ့ပဲ မိုးစင်စင် လင်းခဲ့တယ် …

“ချစ်တယ်” ဆိုတာ … ငါ့ဘဝရဲ့
ဘယ်ဝါကျမှာမှ မသုံးဘူးသေးတဲ့ 
ကြိယာတစ်လုံးပါ။

နှုတ်ခမ်းထူထူတွေနဲ့ လှောင်ပြုံး
မာယာများတဲ့ ငါ့ငါးခုံးမလေးရေ
မင်း​ကြောင့်
ငါ့အိပ်​မက်​​တွေ တစ်​​လှေလုံး ပုပ်​ခဲ့​ပေါ့...။

မင်းခိုက်​စိုးစန်