Powered By Blogger

Total Pageviews

Friday, April 10, 2015

သူမအတွက်​​ရေး​တဲ့ သူရဲ့စာအုပ်

# သူမအတွက်​​ရေးတဲ့ သူ့ရဲ့စာအုပ်​ #

စကားလုံး​တွေအကုန်​ ရင်​နဲ့ခြုံပြီးပိတ်​ထားခဲ့တဲ့ စာအုပ်​ကိုမှ ဘာသာပြန်​မိခဲ့တယ်
သက်​ဆိုင်​သူသို့....ဆိုတဲ့ အဖုံးနဲ့တင်
ဆက်​မဖတ်​သင့်​တဲ့ စာအုပ်
မသက်​ဆိုင်​တဲ့...ငါ့မှာ
တစ်​ရွက်​ခြင်းလှန်
တစ်​​ကြောင်းချင်းဖတ်
လေး​လေးနက်​နက်​​တွေး
စူးစူးနစ်​နစ်​ခံစား
ဘာသာစကားချင်း အတူတူ
နားလည်​မှူက ​ဝေး​ဝေးလာတာမျိုး
ရင်​နဲ့​ရေးလို့ ရင်​နဲ့ဖတ်​ရှုခံစားခဲ့ပါတယ်
ဘာသာစကားချင်းအတူတူ ရင်​ခုန်​သံလားရာမတူခဲ့
ဖတ်​မိလက်​စ စာအုပ်​မှာ
ဇာတ်​သိမ်းလှလှ မ​ရောက်​မချင်း
ပိတ်​ရမှာလဲ ခက်
ဖတ်​ရမှာလဲ ခက်​....။

SANDY (အဖြူ​ရောင်​မိန်းက​လေး)

Wednesday, April 1, 2015

ချစ်​သူသို့

♥ ချစ်​သူသို့ ♥

ထိလွယ်​ရှလွယ်​ ကိုယ့်​စိတ်​ကို မနည်းပိုးထားရတဲ့အထဲ
ဒီရင်​ရပ်​ဝန်းကလည်း
ငိုရန်​ရာနှုန်းပြည့်​ဆိုတဲ့ ရာသီဥတုနဲ့
အလွမ်း​တွေညို့​မှောင်​​နေ​လေရဲ့
နှလုံးသား​လေးနာဖျားတဲ့​နေ့မှာ
အသံမမြည်​​တော့တဲ့ ​ခေါင်း​လောင်း​လေးတစ်​လုံး​ပေါ်
နှစ်​ချို့​နေတဲ့ စကားလုံး​တွေ​ရေးထိုးထားလိုက်​တယ်
တောင်​စွယ်​မှာ​နေကွယ်​ရင်​ ငါနဲ့တစ်​ပါတည်းမြုပ်​နှံ​ပေးကြပါကွယ်
အလွမ်းရဲ့အ​ငွေ့အသက်​တို့ မရိုက်​ခတ်​ရာအရပ်​၌
ချစ်​ရတဲ့သူ...​ပျော်​ပါ​စေ....

SANDY(အဖြူ​ ​ရောင်​မိန်းက​လေး )

Sunday, March 29, 2015

သူငယ်​ချင်း

တစ်​​ယောက်​ကိုတစ်​​ယောက်...
အပြန်​အလှန်​တန်​ဖိုးထားမှူ၊ နားလည်​မှူ​တွေရှိမယ်​ဆိုရင်
ခင်​မင်​မှူဆိုတာ...
သဲပြင်​​ပေါ်​ရေးထား​တောင်​ မပျက်​တဲ့အက္ခရာ။

SANDY WATYOTESOE

မှော်​ဆရာမ​လေး ( မင်းခိုက်​စိုးစန်​ )

♥​မှော်​ဆရာမ​လေး♥

(၁)
ငါ့ကို
အလွမ်းဘဏ္ဍာစိုး ခန့်​ပါကွယ်​။

(၂)
အချစ်​ဆိုတာ မျက်​လှည့်​တစ်​မျိုးပါပဲ။
မင်းက...မျက်​လှည့်​​သေတ္တာထဲက​နေ
ငါ့ အိပ်​မက်​​တွေကို ဆွဲဆွဲထုတ်​ပြတယ်​...။
...ပန်းသီးအပုပ်​တစ်​လုံး ဖြစ်​သွားလိုက်
...ဖဲချပ်​​တွေ ထွက်​လာလိုက်
...ပန်းပွင့်​​တွေ ထွက်​လာလိုက်​နဲ့
ဟော...​နောက်​ဆုံး
ငှက်​အဖြူ​လေးတစ်​​ကောင်​ ဖြစ်​သွားပြီး
ဟိုး...အ​ဝေးကြီးကို ပျံသန်း​ပျောက်​ကွယ်​သွားတယ်​။

(၃)
ဘာမှမကျန်​ခဲ့​တော့ဘူး။

(၄)
အစကတည်းကလည်း
ဘာမှ ရှိ​နေခဲ့တာ မဟုတ်​ပါဘူး။

(၅)
မလိမ်​မိုး မလိမ်​မာနဲ့...ငါကသာ
မင်းကို အခါခါယုံခဲ့တယ်​။
စုန်းသွင်းခံထားရသူတစ်​​ယောက်​လိုကို
ယုံခဲ့တယ်​။
..........
ငါ့ အိမ်​မက်​​တောင်​ယာကို ခုတ်​လှဲ
အလွမ်း​တွေကိုမှ ပျိုးကြဲသွားခဲ့တဲ့
လူကြီးလူ​ကောင်း ငနဲမ​လေး​ရေ...
ဟောဒီမှာ...ငါဆိုတဲ့​ကောင်​က
မီးကျွမ်းခံထားရတဲ့ စာရွက်​တစ်​ရွက်​လို
လေတစ်​ချက်​ တိုက်​ခတ်​လိုက်​ရုံနဲ့
စိပ်​စိပ်​မွှာမွှာ ပဲ့​ကြွေလွင့်​စင်​သွားရ​တော့မယ်​။

(၆)
မင်းရဲ့ မျက်​လှည့်​​သေတ္တာထဲက
နောက်​ထပ်​...ဘာ​တွေများ ဆွဲထုတ်​ပြဦးမှာလဲ?

(၇)
ကောင်​မ​လေးရယ်​...
ပြောပါ...
ငါ ရပ်​​နေရမှာလား
ဆက်​​လျှောက်​ရမှာလား ဆိုတာကို။

( မင်းခိုက်​စိုးစန်​ )

Saturday, March 28, 2015

✖ ကြက်​​ခြေခတ်​​တွေများလွန်းတဲ့...လူ ✖


✖ ကြက်​​ခြေခတ်​​တွေများလွန်းတဲ့...လူ ✖

ကဲ...
နေလို လင်းလင်းပွင့်​ပွင့်​ဖွင့်​ထားပါတယ်​ဆိုမှ
စကားလုံး​တွေနဲ့ ဝင်​ ဝင်​တိုက်​တဲ့သူနဲ့
အမူအယာ​တွေနဲ့ ဝင်​ ဝင်​ရိုက်​တဲ့သူနဲ့
အထိအခိုက်​ကလဲ များလွန်းလှတယ်​ကွယ်
အဲဒီ့မှာ
လွတ်​ရာကျွတ်​ရာ​လေး
ခပ်​​ဝေး​ဝေး​နေမ​ပေးနိုင်​ဘူးလား
အတိမ်းအ​စောင်းမခံတဲ့ ဒီရင်​ဘတ်​က
တနင့်​တပိုး​တွေများလွန်းလာရင်
ကြက်​​ခြေခတ်​​တွေ အန်​တတ်​လွန်းလို့ပါ
ဖုံးကွယ်​မထားတဲ့စာမျက်​နှာ​ပေါ်က
ခတ်​ဆစ်​​တွေကို အနက်​မပြန်​ကြပါနဲ့...ပင်​ပန်းတယ်
လူလိမ္မာ​တွေရဲ့ ဘာသာ​ဗေဒမှာ
အရိုင်းအစိုင်းငါက ရိုးရိုးသားသားပဲကျရှုံး​ပေးပါတယ်
ထိမိ ခိုက်​မိ ရိုက်​မိမှာစိုးလို့
ကိုယ့်​အကိုင်း ကိုယ်​ချိုးပြီး ရိုကျိုးထားခဲ့တဲ့သူ
လမ်းချင်းတူလို့ လူချင်းမ​တွေ့ချင်​​တောင်
ခေါင်းငုံ့ပြီး​ ​ရှောင်​​ပေးခဲ့ပါ့မယ်
ဒါ​ပေမယ့်​...
ခွေ​နေချင်​တဲ့ ​မြွေတစ်​​ကောင်​ကို
ခေါင်း​ထောင်​လာ​အောင်​​တော့ မစနဲ့
ရင်​ဘတ်​ချင်းခတ်​တဲ့ပွဲဆိုတာ
အ​လျော်​အစားက ကြီးလွန်းတယ်​။

SANDY ( အဖြူ​ရောင်​မိန်းက​လေး )

Friday, March 27, 2015

Friendship Quotes

A single rose can be my garden,........., a single friend, my world.

By.....

Leo Buscaglia

အထီးကျန်​ ( ​မောင်​ဖီလာ )

# အထီးကျန်​ #

မင်းအ​တွေးအ​ခေါ်က
အ​ရောင်​မထွက်​ဘူးတဲ့
ဒီလို ထိမိ စမ်းမိဖို့
ကျွန်​​တော်​ ချီတက်​လာတာမှ မဟုတ်​တာ
လျှပ်​စီး​ရောင်​တလက်​လက်
ပန်းခင်းထဲက ရနံ့​တွေ ​ရောင်​ကိုင်းလာတဲ့အထိ
လောကဓံ ငါ့အ​ပေါ်ကို ထစ်​ချုန်းပုံ ​စောင်းနင်းတယ်
အရွယ်​အစားအမျိုးမျိုး
အ​ရောင်​အ​သွေးအမျိုးမျိုးနဲ့
ပင်​လယ်​ခရု​တွေ အာရုံကိုစူး​စေတာကလွဲပြီး
ဘာမှအဆန်တကြယ်​ ခူးခပ်​မ​ပေးဘူး
တ​မျှော်​တ​ခေါ် ​ငေးကြည့်​မိသမျှ
ရှူခင်း​တွေကလည်း အရွယ်​မတင်​ဘူး
ခင်​ဗျားတို့​ပြောသ​လောက်​ မ​ကွေ့​ကောက်​ဘဲ
ကျွန်​​တော်​ထင်​သ​လောက်
ဖြောင့်​တန်းလှပတဲ့ မြစ်​ဆီ ပြန်​လာခဲ့တယ်
သဘာဝတရားဟာ စိမ်းစိမ်းစိုစို
နေလုံးနီနီက ကန်​သင်းရိုးအစပ်​မှာ ဖူးလို့ပွင်​လို့
ကျွန်​​တော်​လွတ်​တင်​လိုက်​တဲ့ သီချင်းက​လေး
ပျံလွှားငှက်​က​လေးနဲ့တိုက်​ပြီး ပြန်​ကျလာခဲ့
ကြီး​ကောင်​ဝင်​စဆည်းဆာကို ​မော့ကြည့်​ရင်း
ကျွန်​​တော်​တစ်​​ယောက်​တည်းလဲ ​ပျော်​ပါတယ်​။

မောင်​ဖီလာ